အစွမ်းထက်တဲ့ အာလူးရဲ့  သဘာဝသတ္တိ
==================
သန့် စင် လတ်ဆပ်တဲ့ အာလူးအတွင်းမှာ ဘီတာမင် ဘီ အုပ်စုတွေ အများဆုံး ပါဝင်နေတာတွေ့ ရပါတယ်၊ အသားရေး ကောင်းမွန်ပြီး မျက်နှာပေါ်မှာရှိတဲ့ အရေပြားတွေ ပျက်ဆီးလာတာတွေကို ပြုပြင်ပေးနိုင်တဲ့ သဘာသတ္တိရှိတဲ့ အာလူးပါ။
cellulose သနပ်ခါးတုံးအခေါက်မှာ ပါဝင်တဲ့ အစေးဓါတ် ပါဝင်နေသလို အသား ဓါတ်တမျိုးဖြစ်တဲ့ အမီနို amino acids နဲ့  ပရိုတင်း ဓါတ်တွေ ရှိနေ တာကြောင့် အသုံးပြုတဲ့သူတွေအတွက် ဘေးမဖြစ်တဲ့ ကောင်းကျိုးပေး
နိုင်တဲ့ အာလူးဖြစ်ပါတယ်။
မျက်ကွင်း ညိုနေသူ နဲ့  မျက်ခမ်းအောက်မှာ အရစ်တွေပေါ်နေတဲ့သူတွေ အတွက် အကောင်းဆုံး သဘာဝ ကုထုံးဟာလည်း အာလူးဖျော် ရည်ဖြစ်ပါတယ်။
သန့် စင် လတ်ဆတ်တဲ့ အာလူးအစိမ်း ကို ရေစင်အောင်ဆေးပြီး ထုထောင်းပါမယ်။ ပြီးမှ ပိတ်စိမ်းပါးနဲ့ထုပ်ပြီး အရည်ရအောင်ညှစ်
ယူပါတယ်။
သန့် စင်လတ်ဆတ်တဲ့ အာလူစိမ်း ဖျော်ရည်ကို မျက်နှာပေါ် မှာ ဖြစ်နေတဲ့နေရာမှာ ၀ါဂွမ်းကပ်ပြီး အပေါ်ကနေဖွဖွလေးလိမ်းပေးထား
လိုက် ၁၅ မိနှစ်လောက် အခြောက် ခံထားလိုက်ပါ၊ တနေ့ တကြိမ်
လောက် လိမ်းပေးတာနဲ့ အံ့သြစရာ ရလဒ် ကို မြင်ရပါလိမ့်မယ်။
ငွေကြေးတတ်နိုင်ကြတဲ့ သူတွေဆိုရင် သံလွင်ဆီကိုပါ သင့်တော်ယုံရောပြီး လိမ်းကြပါတယ်။ အာလူးဖျော်ရည် နဲ့  မုန့် ဖုတ်ရာမှ ထည့်သုံးနေတဲ့ baking powder အမှုန့် ကိုရောပြီးလည်း လိမ်းလို့ ရပါတယ် ။
ဆံပင်တွေ အရမ်းကျွတ်နေလို့  စိတ်ပျက်နေတဲ့ ပျိုမေတွေအတွက် တော့ အားလူးဖျော်ရည် လက်ဖက်ရည်ပုဂံတလုံး -ကြက်ဥအကာတလုံး နဲ
့ -ပြားရည် တဇွန်းတို့ ကို ရောပြီး လိမ်းပေးပြီး တနာရီလောက်
အခြောက်ခံပါ ပြီးရင် ခေါင်းလျှော်လိုက်၊မကြာခင် ဆံပင်တွေ
ကျွတ်နေတာ ပျောက်ပြီး တောက်ပြောင်လာပါလိမ့်မယ်။
ဦးရေပြားတွန့် တာ နဲ့ ဇရာကြောင့် ဖြစ်တဲ့ အရည်ပြားတွေ ပျက်ဆီးတဲ့ အခြေအနေကိုကားကွယ်ပေးနိုင်ပါတယ်လို့  ဆေးပညာမှတ်တမ်းတွေမှာ ရေးသားထားပါတယ်။
အဲဒီအရည် တစ်ဖန်ခွက်ကနေ နှစ်ဖန်ခွက်အထိ နေ့စဉ်မှီဝဲသွားရင် အသည်းရောဂါ၊ဆီးချိုရောဂါ၊အစာအိမ်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ခါးနာ၊ပခုံးနာ၊ကျီးပေါင်းနာရောဂါတွေ ပျောက်ကင်းစေတယ်လို့ဆိုပါတယ်။နောက်ဆုံးတွေ့ ရှိချက်ကတော့ဂျပန်နိုင်ငံမှာကင်ဆာ ရောဂါဒေနာ ၇ှင်တွေကို အာလူးစိမ်းဖျော်ရည်ကို မနက်ည သောက်သုံးပေးခြင်းနဲ့  သက်သာ
လာအောင် ကုတဲ့ ဆေးနည်းဖြစ်ပါတယ်။
Credit to ဟံကြည်မေ