မွန်စစ်သူကြီး"ဗညားစိန်"( ဗညာစိင် )ဧ။် အတ္ထုပ္ပတ္တိအကျဉ်းနှင့် ဗမာတို့နှင့် တိုက်ခိုက်ခဲ့သည့် စစ်ပွဲကြီးများအကြောင်း
မွန်စစ်သူကြီး"ဗညားစိန်"( ဗညာစိင် )သည် မွန်လူမျိုးတို့ဧ။် အသက်ပေါင်းများစွာကို ကယ်ခဲ့သည့် စစ်သူကြီးတစ်ဦးပင် ဖြစ်သည်။ သူသည် မွန်မင်းဆက်များ ခေတ္တပျက်သုဉ်းစဉ်ကာလဖြစ်သည့် ( AD-1763-1776 )၌ နန်းတက်သော "အင်းဝ"မြို့စား ဗမာဘုရင်"ဆင်ဖြူရှင်"ထံပါး၌ သွားရောက်ခစားတော်မူလေခဲ့ဧ။် ထိုအချိန်၌ "ဗညားစိန်"( ဗညာစိင် )ဟု နာမည်မဟုတ်ခဲ့ပေ။ တစ်ချိန်က မွန်သူရဲကောင်းများဖြစ်သော "ဗညားတလစိန်"( ဗညာတ္လစိင် )၊ "ဗညားတလဇြင်"( ဗညာတ္လဇြင် )နှင့် "ဗညားတလကလပ်"( ဗညာတ္လက္လေပ် )တို့ဧ။် နာမည်များကို အရင်းပြုရ်ျ "ဗညားစိန်"( ဗညာစိင် )ဟု မှည့်ဆိုခဲ့ခြင်း ဖြစ်သည်။ "ဗညားမဟာယောဓါ"ဟုလည်း ခေါ်ဆိုကြသည်။
"ဗညားမဟာယောဓါ"ခေါ် "ဗညားစိန်"( ဗညာစိင် )သည် ( AD-1772 ) သက္ကရာဇ်( ၁၁၃၄ )ခုနှစ်တွင် ဗမာတပ်သားများ "လောင်းဖြပန်း"( လောင်ဖြ၀င် )မြို့ကို ၀င်ရောက်တိုက်ခိုက်စဉ်က ထိုတပ်သားနှင့်အတူ ပါလာခဲ့ခြင်း ဖြစ်သည်။ "ဗညားစိန်"သည် စစ်ရေး၌ ကျွမ်းကျင်သောကြောင့် ( AD-1773 ) သက္ကရာဇ်( ၁၁၃၅ )ခုနှစ်တွင် "အင်းဝ"မြို့စား "ဆင်ဖြူရှင်"က "မုတ္တမ"မြို့ဧ။် တောင်အရပ်၌ ရှိသည့်မြို့ရွာများကို စားစေမူလေဧ။် နောင်တစ်ချိန်၌ "အင်းဝ"မြို့စား "ဆင်ဖြူရှင်"သည် ဗမာတပ်ခေါင်းဆောင်"ပုဂံဝန်"နှင့် ပူးပေါင်းကာ "ယိုးဒယား"( ထိုင်း )သို့ ၀င်ရောက်တိုက်ခိုက်လိုရ်ျ "ဗညားစိန်"နှင့် ပေါင်းပြီးတိုက်ရန် "မုတ္တမ"မြို့သို့ လာရောက်ကာ မွန်တပ်သားဦးရေ( ၁၀၀၀၀ )တို့နှင့် စုပေါင်းခဲ့ကြလေသည်။ ထိုစဉ် "ဆင်ဖြူရှင်"သည် "ဗညားစိန်"အား မွန်တပ်သားဦးရေ( ၃၀၀၀ )ပေးပြီး ဗမာတပ်မှူးတချို့တို့နှင့်အတူ "ဘုရားသုံးဆူ"( ၀င်က )လမ်းကြောင်းအတိုင်း "ယိုးဒယား"သို့ စစ်ကြောင်းချီခဲ့ကြသည်။
ထို့နောက်"ပုဂံဝန်"ဦးဆောင်သော မွန်တပ်သားဦးရေ( ၇၀၀၀ )တို့နှင့်အတူ ၄င်းနောက်သို့ လိုက်ပါလာခဲ့ကြသည်။ ထိုအချိန်၌ "ပုဂံဝန်"ဦးဆောင်သည့် တပ်ဖွဲ့မှ မွန်တပ်သားတချို့သည် "ယိုးဒယား"ကို တိုက်ခိုက်လိုသည့် ဆန္ဒမရှိကြရ်ျ လမ်းခရီးတစ်ဝက်၌ တိမ်းရှောင်ထွက်ပြေးခဲ့ကြလေဧ။် ထိုအကြောင်းကို "ပုဂံဝန်"သိရှိရ်ျ ထိုမွန်တပ်သားတို့ဧ။် သားမယားများကို ဖမ်းဆီးပြီး ပစ္စည်းဥစ္စာများကိုသိမ်းကာ သမီးပျိုများကို ဖျက်ဆီးပစ်လေသည်။ ထိုအဖြစ်အပျက်ကို "ဗညားစိန်"ကြားသိသော် တပ်မှူးများဖြစ်သည့် "ဗညားဦး"၊ "ဗညားတလဇြင်"နှင့် "ဗညားတလကလပ်"တို့ကို ခေါ်ရ်ျ "ဘုရားသုံးဆူ"နယ်စပ်၌ ရှိနေသော ဗမာတပ်များကို ဖျက်ဆီးပစ်ပြီး "ယိုးဒယား"သို့ ၀င်မတိုက်တော့ဘဲ စစ်ကြောင်းပြန်လှည့်လာခဲ့ကြသည်။
ထို့နောက်"ဗညားစိန်"တို့သည် "ပုဂံဝန်"တပ်တို့နှင့် ပြန်တိုက်ပြီး "မုတ္တမ"မြို့ကို သိမ်းကာ "ပုဂံဝန်"နှင့်အဖွဲ့များ စစ်ရှုံးရ်ျ "ရန်ကုန်"မြို့သို့ ထွက်ပြေးသွားကြလေသည်။ ထိုအချိန်မှစရ်ျ မွန်နှင့်ဗမာ မပူးပေါင်းကြတော့ဘဲ စစ်ပွဲကြီး စတင်ဖြစ်ပွားလေတော့သည်။ "ဗညားစိန်"သည် အဖွဲ့သားများနှင့်အတူ "ရန်ကုန်"မြို့သို့ လိုက်ရ်ျ ချီတက်သွားကြလေသည်။ ၄င်း၌ စစ်ပွဲအကြီးအကျယ်ဖြစ်ကာ "အင်းဝ"မြို့စား "ဆင်ဖြူရှင်"ကြားတော်မူရ်ျ "ပုဂံဝန်"နှင့်ပေါင်းပြီး "ဗညားစိန်"တို့ကို ပြန်တိုက်ကြရာ စစ်အင်အားမမျှသဖြင့် "ဗညားစိန်"နှင့်အဖွဲ့များ စစ်ကြောင်းပြန်ဆုတ်ခဲ့ရလေသည်။
ထို့နောက် "ဆင်ဖြူရှင်"သည် "ရွှေဘို"မြို့၌ ရှိနေသော "ဗညားစိန်"ဧ။် ညီတော်နှစ်ပါးဖြစ်သည့် "မဟာဥပရာဇာ"နှင့် "မဟာသေနာပတိ"တို့ကို သွားရောက်ဖမ်းဆီးရ်ျ သတ်ဖြတ်လိုက်လေသည်။ ထိုအချိန်၌ "ဟံသာဝတီ"ပြည်ကို "အောင်ဇေယျ"က တိုက်ခိုက်ရန် ၀ိုင်းဝန်းထားလေသဖြင့် "ဟံသာဝတီ"ပြည်ရှင်သည် အမျိုးအနွယ်တချို့နှင့် လူမျိုးတစ်စုကို ခေါ်ရ်ျ "ကော့ဗိန်း"ရွာတစ်ရွာ၌ တိမ်းရှောင်နေထိုင်ကြသော်လည်း ပြန်ဖမ်းမိရ်ျ "ရွှေဘို"မြို့သို့ ခေါ်ဆောင်သွားလေသည်။ ထိုအကြောင်းကို ကြားသိသော မွန်တပ်မှူး"ဗညားတလဗန်း"( ဗညာတ္လဗာန် )သည် "ရွှေဘို"မြို့ကို မီးရှုံ့ပစ်လိုက်ပြီး "ဆင်ဖြူရှင်"က ပြန်ဖမ်းမိရ်ျ အသတ်ခံခဲ့ရသည်။ "ရန်ကုန်"မှ စစ်ကြောင်းလှည့်ပြန်လာသော "ဗညားစိန်"နှင့် အဖွဲ့သားများသည်လည်း မိမိမွန်လူမျိုးများကို စုစည်းခေါ်ဆောင်ရ်ျ "ဘုရားသုံးဆူ"လမ်းနှင့် "မြ၀တီ"လမ်းကြောင်းတို့ဖြင့် "ယိုးဒယား"နိုင်ငံသို့ ၀င်ရောက်ခဲ့ကြလေသည်။
( AD- 1775 ) သက္ကရာဇ်( ၁၁၃၇ )ခုနှစ်တွင် "ယိုးဒယား"နိုင်ငံ "ဓန်ပူရီ"မြို့သို့ ရောက်ရှိခဲ့ကြပြီး တပ်ခေါင်းဆောင်ဗိုလ်မှူးများဖြစ်သည့် "ဗညားစိန်"( ဗညာစိင် )၊ "ဗညားဦး"( ဗညာဥူ )၊ "ဗညားတလဇြင်"( ဗညာတ္လဇြင် )၊ "ဗညားတလကလပ်"( ဗညာတ္လက္လေပ် ) လေးဦးတို့သည် "အယုဒ္ဓယ"ပြည်သို့ သွားကြရ်ျ ပထမတစ်ကြိမ်က စစ်ပြေးခဲ့သော မိမိမွန်လူမျိုးတို့နှင့် ပြန်လည်စုပေါင်းကာ "ဗညားရာမည၀ံသ"ခေါ် မွန်တစ်မျိုးသားလုံး စုပေါင်းတပ်အဖြစ် ပြန်လည်တည်ထောင်ခဲ့ကြပြီး ၄င်း၌ တချို့မွန်ဘုရင်မျိုးနွယ်များသည် ယိုးဒယားဘုရင်မင်းဆက်တို့နှင့် ပူးပေါင်းနေထိုင်ကြရာ မွန်နှင့်ထိုင်း "ယိုးဒယား"နိုင်ငံ "အယုဒ္ဓယ"ပြည်၌ ထီးနန်းစိုးစံခဲ့ကြလေသည်။ ယနေ့ထိတိုင် "မွန်နှင့်ထိုင်း" မင်းမျိုးမင်းနွယ်များမှ ရရှိခဲ့သည့် သားစဉ်မြေးဆက်များသည် "ယိုးဒယား"( ထိုင်း )နိုင်ငံဧ။် ဘုရင့်နန်းတော်အတွင်း၌ ကျန်ရှိနေဆဲပင် ဖြစ်သည်။ံ
ဤမွန်စစ်သူကြီး"ဗညားစိန်"( ဗညာစိင် )ဧ။် ရုပ်ပုံသည် သက္ကရာဇ်( ၂၅၂၇ )ခုနှစ်၌ "၀ါရသာရ"မြို့ဟောင်းတစ်နေရာမှ ရရှိလာခဲ့ခြင်း ဖြစ်သည်။
( ဗီုရုပ် သ္ကိုပ်ပ္နာန်ဇ္နော်"ဗညာမဟာယောဓါ"( ကော် )"ဗညာစိင်" )