ကပ

ကိုချမ်း ဆိုက်လေးသို့ လာရောက် လေ့လာကြသောမိတ်ဆွေ သူငယ်ချင်း များအားလုံး ကြက်သရေ မင်္ဂလာ အပေါင်း နှင့်ပြည့်စုံကြပါစေ။
Image Slider By helperblogger.com The slide is a linking image Pure Javascript. No jQuery. No flash. #htmlcaption

မွန်လူမျိုး မိတလထော

Unknown | 12:34:00 AM | Best Blogger Tips
မွန်လူမျိုး မိတလထော (ဘဒြာဒေ၀ီ)မိဖုရားလေးကြောင့်
ဟံသာဝတီမွန်နေပြည်တော်မှာ မြတ်ဗုဒ္ဓကိုးကွယ်ခွင့်ရလာခဲ့ပုံ
*******************************
သူမက ဟံသာဝတီမွန်နေပြည်တော်တွင် ဗုဒ္ဓ
ဘာသာကို စွဲစွဲမြဲမြဲကိုးကွယ်သူတစ်ဦး၏သမီး
ဖြစ်ပါတယ်
သူမရဲ့ အမည်ကို မိတလထော (မွန်အ
မည်)ဖြင့်ခေါ်ဝေါ်ကြပါတယ်
သူကြွယ်မိဘနှစ်ဦးဟာ သမီးချစ် မိတလထော ရဲ့နှလုံးသားမှာ ရတနာသုံးပါးရဲ့ဂုဏ်တော်များ
ကို စွဲကိုင်ထားစေပါတယ်
အဲ့ဒီအချိန်က မိတလထောဟာ ၁၆နှစ်သမီးအရွယ်သာရှိပါတယ်
ရုပ်ဆင်း အင်္ဂါပြေပြစ် သလောက် သဒ္ဒါတရားကလည်းထက်သန်လှပါတယ်
မိဘတို့ရဲ့ ဆုံးမစကားကို နာယူသူပီပီ သ
ရဏဂုံ သုံးပါးသည်သာ သူ့ရဲ့အားထားကိုးကွယ်
ရာ ဟုယုံကြည်ထားခဲ့ပါတယ်
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဓမ္မ သရဏံ ဂစ္ဆာမိ
သံယံ သရဏံ ဂစ္ဆာမိ
အားအားရှိသရဏံဂုံကိုရွတ်ဆိုပါတယ်
သူနှုတ်ဖျား
က သရဏံဂုံရွက်ဆိုသံများကို မကြာခဏကြားရ
ပါတယ်
အဲ့ဒီအတွက်ကြောင့်လည်း မိဘများက သူ့ကို ပိုချစ်ကြပါတယ်
သမီးပျို မိတလထောဟာ အထိန်းထော်အ
မေကြီးနှင့် အတူရေချိုးဆိပ်သို့ရေဆင်းချိုးခဲ့စဉ်
ရေဆိပ်သို့ရောက်တဲ့အခါ အ၀တ်လဲကာရေထဲဆင်း
ခဲ့ပါတယ်
ရေကကြည်လင်အေးမြလှတဲ့အတွက် သူမ
ရေချိုးရင်း မာတဲ့ အရာတစ်ခုကိုစမ်းမိခဲ့ပါတယ်
" အလို...ကျိုက်ထော်စန်း "ဟုထိတ်လန့်
ရောင်ရမ်းမိရှာတယ်
မိတလထောရဲ့ရောင်ရမ်း
အသံကြောင့် ''အို..သမီးဘာဖြစ်တာလဲ"ဟု အထိန်းတော်အမေကြီးက လှမ်းပြီးမေးတယ်
မိတလထောဟာ စမ်းမိပြီး တွေ့ထားသောပစ္စည်းကို သင်္ကာမ
ကင်းနဲ့ ရေပေါ်သို့ယူကြည့်လိုက်တယ်
"မြတ်ဗုဒ္ဓရုပ်ပွားတော်ပါလား"ဗုဒ္ဓရုပ်ပွား
တော်ကို တွေ့မြင်လိုက်ရတဲ့အခါ ''အလို..ကျိုက်
ထော်စန်း"ဟုရောင်ရမ်းပြန်လေပါတယ်
''အလို..ဘုရားတရားသံယံ
သည်ရုပ်ပွားတော်ကိုဘယ်သူများရေထဲသို့
ပစ်ချပါလိမ့်" မိတလထောက အထိန်းတော်အမေ
ကြီးတွေကို မေးပါတယ်
"ဘယ်သူဖြစ်ရမလဲသမီးရယ်၊ဟိုတိဿ
ဆိုတဲ့မင်းယုတ်ကအမိန့်ထုတ်လို့လွင့်ပစ်ကြတာ
ပေါ့"
"ရက်စက်ယုတ်မာလှချေလားမေမေရယ်"
မိတလထောက ညည်းညူ ရေရွတ်ယင်း
ရုပ်ပွားတော်ကိုရေနဲ့ ဆေးကြော(ရေသပ္ပါယ်)
ပြီး အိမ်ကို ပင့်ဆောင်လာလိုက်တယ်
"စေတီတော်တစ်ဆူဆီမှာ ပူဇော်ကိုးကွယ်
လိုက်ပါအမေ"ဟုပြောဆိုပြီး နှစ်ဦးသား အတူသွားကာ ပင့်ဆောင်တည်ထားခဲ့ပာတယ်
အထိန်းတော် အမေကြီးရဲ့ မျက်နှာကတော့ ကြည်သာမူ ကင်းမဲ့သွားခဲ့ပာတယ်
သောကတရားကလွှမ်းမိုးနေတဲ့အတွက် ညိုးနွမ်း
သွားခဲ့ပါတယ်
"သမီးရဲ့သဒ္ဓါတရားကိုတော့ မေမေ လေး
စားကြည်ညိုပါတယ် ဒါပေမဲ့သမီး"
အထိန်းတော်မိခင်ကြီး၏အသံကရပ်သွား
ခဲ့ပာတယ်
မိတလထောကလည်း ဘာကိုဆိုလိုသည်ကိုနား
မလည်လိုက်တော့
"ဘာကိုပြောချင်တာလည်းမိခင်၊အမိရဲ့စ
ကားကမဆုံးပါလား" မိတလထော ကမေးခွန်းထုတ်မေးလာခဲ့ပါတယ်
အိုသမီး...သမီးမကြားလေရော့သလား၊
တိဿဘုရင်ကရုပ်ပွားတော်ကိုးကွယ်သူများ
ကို ရာဇဒဏ်ထားသတဲ့သမီးရဲ့၊ဒီသတင်းများ
ကြားခဲ့ရင်"
အထိန်းတော်ကြီးစကားကိုပင် အဆုံးမ
သတ်တော့..
''အို..မေမေ ဒီအတွက်တော့ သမီးအ
သက်စွန့်ရဲပါတယ်"
************************
မိတလထောရဲ့ ရုပ်ပွားတော်ကို ပူဇော်တဲ့
သတင်းဟာ နန်းတွင်းအထိပျံ့နှံ့ သွားခဲ့ပာတယ်
တိဿဘုရင်လည်း ဒေါသအမျက်ထွက်ကာ...
"ဒီမိန်းမယုတ်ကိုခုချက်ချင်းရှေ့တော်သို့
သွင်းရမည်"ဟု အမိန့်တော်မှတ်လေတော့တယ်
မင်းမှူးမတ်တို့ မိလတထော အိမ်သို့ရောက်ချိန်မှာ
မိလတထောကလည်း အလုပ်များနေပါတယ်
မြို့ပြင်ပစ်ထား
တဲ့ ရုပ်ပွားတော်များကို ပင့်ဆောင့်လာပြီး ဆေး
ကြော့သုတ်သင်ရေသပ္ပါယ်နေပါတယ်
မိတလထောလည်း အာဏာသားတို့ကိုမြင်ပြီး သူရဲ့
မေတ္တာဓါတ်နှင့် ညို့လျက်ရတနာစီခြယ်ထား
တဲ့ လက်စွပ်ကို မိမိလက်မှချွတ်ပြီး အာဏသား
တို့ကို လက်ဆောင်ပေးခဲ့တယ်
"ဦးတို့ခေတ္တ ဆိုင်းငံးပါဦး ဒီရုပ်ပွားတော်
ရှေ့မှာ ဘုရားအာရုံပြုပါရစေဦး" လို့ပြောပါတယ်
လက်စွပ်ဆောင်ရထားတဲ့အတွက် အာဏာသား
တို့လည်း ကြည်ကြည်ဖြူဖြူခွင့်ပြုလိုက်ပါတယ်
မိလတထောလည်း မြတ်ဗုဒ္ဓကိုအာရုံပြုကာနှစ်
နှစ်ခြိုက်ခြိုက် ဦးခိုက်ပူဇော်ကန်တော့ပါတယ် နတ်သိကြားများကိုအမျှဝေ၍မေတ္တာပို့ပါတယ်
ပထမစေလွတ်သူကြန့်ကြာရမည်လား ဟုနောက်ထပ်အာဏာသားတွေကို စေလွတ်ပြန်ပါတယ်
မိလတထောလည်း တိဿ
ဘုရင်ရဲ့ အမိန့်တော်ကြောင့် အာဏာသားများ ခြံရံကာ နန်းတော်တွင်းသို့လိုက်ပါခဲ့ရလေတယ်
မိလတထောရဲ့အိမ်တွင်းမှာ ငိုကြွေးဟစ်အော်သံ
များက သမုဒ္ဒရာလှိုင်းပုတ်သံထက်ပင်ပြင်းထန်လှုပ်ရှားသွားလေတယ်
"ဒီမိန်းမယုတ်ကို မသေမချင်းဆင်နင်းပြီးသတ်စေ"
တိဿဘုရင်ရဲ့ အမိန့်အာဏာသံက နန်းတော်
ကြီးတစ်ခုလုံးကို လွမ်းမိုးသွားစေတယ်
မင်းချင်းအာဏာသားတို့လည်း မိတလထောကို ဆင်တင်းကုပ်သို့ဘအတင်းဆွဲခေါ်သွားကြပါတယ်
"ငါမှာရတနာသုံးပါးကလွဲ၍အားထားရာမရှိ
ပါ"
မိတလထောသည် တွေးတောစဉ်းစားရင်း သ
ရဏဂုံ သုံးပါးကို အသံထွက်ပြီး ရွတ်လိုက်လေတယ်
"ဗုဒ္ဓ သရဏံ ဂစ္ဆာမိ"
မြတ်စွာဘုရားကိုဘေးရန်လွတ်မြှောက်ချမ်း
သာရောက်ရေးကြံတွေးကြည်သာဆည်းကပ်ပါ၏
"ဓမ္မံ သရဏံ ဂစ္ဆာမိ"
တရားတော်မြတ်ကိုဘေးရန်လွတ်မြောက်
ချမ်းသာရောက်ရေးကြံတွေးကြည်သာဆည်းကပ်ပါ၏
"သံယံ သရဏံ ဂစ္ဆာမိ"
သံယာတော်မြတ်ကိုဘေးရန်လွတ်မြောက်ချမ်းသာရောက်ရေးကြံတွေးကြည်သာဆည်းကပ်ပါ၏
အာဏာသားတို့ကဆင်ဖြင့်နင်းသတ်ရန်ပြင်
ဆင်လျက်ရှိကြ၏
မိတလထောဟာ သရဏဂုံသုံး
ပါးကို ရွတ်ပွားရင်းသူရဲ့မေတ္တာဓါတ်အင်အားကို အစွန့်ကုန်မြှင့်တင်လိုက်ပါတယ်
ဒေါသပုန်ထနေသောတိဿဘုရင်၊မုန်ယို
နေသောဆင်ရိုင်းကြီး၊ဆင်ထိန်းမင်းချင်းယောင်္ကျား
မင်းချင်းအားဏာသားတို့ကို သူရဲ့မေတ္တာနဲ့ လွှမ်း
ုခြုံလိုက်ပါတယ်
ဆင်ထိန်းလည်း ဆင်ကိုချွန်းနဲ့ အုပ်
မိုးပြီး အတင်းနင်းစေခဲ့ပါတယ်
ဆင်ကြီးကတော့ ရှေ့သို့ပင် မ
တိုးပါ ဆင်ထိန်းတို့က ချွန်းဖြင့်ချိပ်ကာနင်းစေ
ပြန်ပါတယ်
ဒီတစ်ကြိမ်မှာတော့ ဆင်ရိုင်းကြီးမှာဘနင်းဖို့မဆို
ထားနဲ့ တအားအော်ပြီး နောက်သို့ပြေးပါတယ်
ဆင်တင်းကုပ်မှနောက်ထပ်တစ်ကောင်ထုတ်
ပြီးနင်းစေပြန်ပါတယ်
မိတလထောရဲ့ မေတ္တာနဲ့ဂုဏ်
တော်တန်းခိုးကြောင့်ဆင်ရိုင်းများမှာရှေ့သို့ပင်မတိုးဝံကြပေ
မင်းချင်းအာဏာသားများအချင်းချင်း တိုင်ပင်
ပြီး ဘုရင်မင်းတရားကြီးထံ လျောက်ထားကြပါတယ်
အသိဥာဏ်ကင်းမဲ့နေသောသိဿဘုရင်ရဲ့ ဒေါသကလည်း ပိုပြီးဆိုးရွားလာပါတယ်
"ကောက်ရိုးပုံမီးရှို့၍သတ်စေ"
နောက်ထပ်အမိန့်တော်မှတ်ပြန်ပါတယ်
မင်းချင်းအာဏာသားတို့လည်း ကောက်ရိုးပုံမီးရှို့သတ်ရန်ပြင်ဆင်
ကြလေတယ်
မိလထောသည် သရဏဂုံကိုဆောက်
တည်ပြီး ဂုဏ်တော်များပွားများနေခဲ့ပါတယ်
သူမရဲ့မေတ္တာတရားကိုလည်းအာဏာသားတို့အပေါ်ပျံ့နှံ
လွှမ်းမိုးအောင်ပွားများနေခဲ့ပါတယ်
မင်းချင်းအာဏာသားတို့လည်း မီးရှို့ရန်ြပင်ဆင်နေုကြသော်လည်း
မိတလထောရဲ့ဂုဏ်တော်နဲ့မေတ္တာတန်ခိုးကြောင့်စိတ်ထဲမပါလှ ထိတ်လန့်နေကြလေတယ်
အမိန့်တော်အရ မီးရှို့ကြပြန်ပါတယ်
မီးရှို့လည်းမလောင်ခဲ့ပြန်ပါ
မင်းချင်းအာဏာသားတို့လည်း ကြောက်ရွံတုန်လူပ်စွာဖြင့် တိဿ
ဘုရင်အားသံတော်ဦးတင်ကြပါတယ်
"ဒီမိန်းမယုတ်ကို ရှေ့တော်သွင်းစေ"
တိဿဘုရင်ရဲ့ အမိန့်တော်ကြောင့် မိတလထော
အားအတင်းဆွဲပြီး နန်းတော်ထဲသို့ သွင်းကြလေတယ်
မိတလထော ရှေ့သို့ရောက်ရင် မြေမြှုပ်သတ်ရန် ကျင်းကြီးတစ်ကျင်းကို အရံသင့်တူးထားလေတယ်
"ဟဲ့...မိန်းမယုတ် နင့်ဆရာဗုဒ္ဓရုပ်ပွားတော်
များခုနစ်ရုပ်ဖြစ်စေ၊ရှစ်ရုပ်ဖြစ်စေ တန်ခိုးနဲ့ကောင်းကင်ကို ပျံတက်ပြနိုင်ရင် နင့်အသက်ကို ငါချမ်းသာပေးမယ်
ဒီလိုမှမပြနိုင်ရင်တော့ ဒီတွင်းထဲမှာသေပေတော့၊နင့်ဆရာတွေကိုလည်း ဓါးနဲ့ပိုင်းပြီး လွှင့်ပစ်မယ်"
တိဿဘုရင်ရဲ့ အမိန့်တော်ကနန်းတော်တစ်ခု
လုံးဟိန်းသွားစေပါတယ်
မိတလထောသည် တွင်းနက်ကြီး
ထဲမှာရောက်လျက်ရှိနေပြီး
မိတလထောသည်ဘုရင်
ရဲ့အမိန့်သံကိုကြားရသော်လည်းသေမည့် ဘေးကိုနည်းနည်းလေးမှမတွေ့တောမိပါ
သရဏဂုဏ်ကို ပွားလျက် ဘုရားရှင်ဂုဏ်တော်များကို အာရုံပြုပြီးလက်
အုပ်ချီလိုက်ပါတယ်
"ငြိမ်းအေးစေရာဖြစ်တဲ့ အတုမဲ့ မဟာနိဗ္ဗာန်
သို့ဝင်စံတော်မူပြီးသော ရှင်တော်မြတ်ဘုရား"
"တပည့်တော်မသည် ကိုယ်တော်စားရုပ်ပွား
တော်မြတ်တို့ကို ကောက်ယူဆေးကြောပူဇော်ကိုး
ကွယ်ပါတယ် ဘုရားတရားသံယာရတနာသုံးပါး
တို့ရဲ့ ဂုဏ်တော်တန်ခိုးတော်အားနှိုင်းယှဉ်မရ အနန္တစွမ်းအားဖြင့် ပြည့်စုံတော်မူပါသည်
ဤမှန်ကန်သောသစ္စာစကားကြောင့် ကိုယ်တော်မြတ်တို့၏ရုပ်ပွားတော်တို့
သည် တိဿဘုရင်၏နန်းရင်ပြင်ဝယ် ကောင်းကင်ထက်မှ ကြွလာစံပယ်တော်မူပါအရှင်မြတ်တို့ဘုရား"
မိတလထောသစ္စာပြုပြီး မကြာမီပင် ရုပ်ပွားတော်
များကောင်းကင်ကကြွချီတော်မူလာကြပါတယ်
တိဿဘုရင်နဲ့မှူးမတ်များကား အံအားသင့်သွားပါတယ် အံ
ဖွယ်ထူးကဲစွာ တွေ့ကြုံရတော့တယ်
တိဿဘုရင်သည်မိမိဖြစ်ပွားခဲ့သမျှကြေအေးရန်မိတလထောအား(ဘဒြာဒေ၀ီ)ဟူသောဘွဲ့အမည်ဖြင့် ဖိဘုရားကြီး
အဖြစ်မြှောက်စားတော်မူခဲ့ပါတယ်
မိတလထော ကျေးဇူးကြောင့် ဟံသာဝတီမွန်နေပြည်သည် မြတ်ဗုဒ္ဓကို ကိုးကွယ်ခွင့်ရခဲ့ပြီး စေတီပုထိုးတော်များမှ ကြေးစည်သံခေါင်းလောင်းသံများကကြည်နူး
ဖွယ်ရာသာယာခဲ့လေတယ်....
Related Posts Plugin for WordPress, Blogger...
ထို​ဟာ​လေး​လို​ချင်​ရင်​လာ​ခဲ့​ပါ